ယုံကြည်ရာကိုလျှောက်ရင်း
ဘ၀တွေ ယိုင်လဲရပြီး
သူတို့ရဲ့ စာမျက်နှာအောက်
ငါတို့ နာမည် မဲသွားပြီး ...
အမှားက အမှန်ဖြစ်
အမှန်က အမှားဖြစ်
မှောင်မိုက်မိုက် ဘ၀ထဲ
တစ်နပ်စာ အတွေးလည်း
အဖြေရှာရ ခက်နေဆဲ..
လက်ကျန်ခရီးလမ်းမှာ
အမှန်ကိုလိုက်ရှာရင်း
မျှော်လင့်ချက် တစ်ခုနဲ့ ယုံကြည်မှု့ပေါင်းစပ်မယ်...
မနက်ဖြန်ကိုတွေးပြီး
ဒီနေ့မှာ ပေးဆပ်ကြမယ်
ဒီနေ့မှာ ပေးဆပ်ပြီး
မနက်ဖြန်ကို ဖန်တီးမယ်
သမိုင်းသစ် တစ်ရပ်
မော်ကွန်းသစ် စိုက်ထူ
အလံလွင့်နိုင်ဖို့
ကဲ.. ရွာစားရေး...
လုပ်ပါဦး....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment