Saturday, October 31, 2009

no title

ခွင့်လွှတ်ခြင်းဆိုတဲ့ ခံစားနားလည်မှု့
အကျွနုပ်အတွက် ပေးဆပ်ခဲ့သလား .........
ဝေးကွာခြင်း ဝေဒနာအစပျိုး
ချစ်မ၀သေးခင် ခွဲရက်ခဲ့လေသလား....
ကွေကွင်း ခြင်းအဖြစ်က မစာနာ
သောက အရိုင်းစား လောကတံတိုင်းခြားပြိး
အညိုးနဲ့ သဲသဲရွာချ
(ငါဘာကောင်မှန်းမသိဘဲ).....
အလွမ်းတွေ ငါ့အပေါ် ပြိုပိ
မျှော်လင့်ချက် တွေဆုံးရှုံးလို့ နာတာရှည်
ဇာတာရှည် ဖွဲ့ ရည်ထားပုံကမလှပ.............
အ . ကာလည အခါ
ပုံဆိုးပန်းဆိုးနဲ့ ၀ဲဘက်ရင်အုံကိုခင်းကျင်း
ဆင်နင်းခြင်း ခံရတဲ့ အိပ်မက်
အဲဒီလိုနဲ့ ဗလောင်ဆူ ရင်ခွင်ထဲက
ဖြစ်သမျှ အကြောင်းကို ခံစားကြည့်တော့
မနေ့ ကအတိတ်တွေ လတ်လတ်ဆတ်ဆတ်မေ့ မရသေးပါဘူး ချစ်သူရယ်......

No comments:

Post a Comment