ငါအနေတုန်းဘဲ
မင်း အသံသဲ့သဲ့လေး
နားထဲကို တိုးလာတယ်
ပြက္ခဒိန် နောက်ဆုတ်သွားပြီး
နှစ် နှစ် …..
လူတွေ ကြားထဲက
မင်း မျက်နှာကိုကွယ်ပြီးကြည့်
မျက်လုံးချင်းဆုံရင်တော့
အဲ့ဒီညက ခေါင်းအုံးမပါဘဲ အိပ်လည်း
အိပ်မက်က လှနေတာ…
အန်ထွက်ချင်နေတဲ့ စကားတွေက
မင်းရှေ့ရောက်တော့
အသက်မရှိတော့ဘူး
လေထဲ လွင့်သွားတယ်…
ဘတ်…ဘတ်
ဖြတ်ကနဲ အသက်ပြန်ဝင်လာ
ဘေးနားကို ကြည့်တော့
ရှုပ်ပွနေတဲ့ အခန်းကြီး..
လည်ပေးနေတဲ့ ပန်ကာ…
ဒါတွေက ???
Subscribe to:
Post Comments (Atom)
No comments:
Post a Comment