Thursday, November 5, 2009

လရောင်



လရောင်
လရောင်
ပြတင်းပေါက်ကို ကျော်ပြီး
ငါ့အခန်းထဲ ခိုးဝင်လာတယ်
နယ်နိမိတ် မခြားထားတဲ့
ဆက်ဆံ မှုတွေ
ဘာနဲ့မှ ကန့်သတ်လို့မရဘူး ...

ကြမ္မာကိုက ဖန်တီးထားတာ
ငါ မလိုချင်လည်း မရတော့ဘူးလေ
မင်းကို တမ်းတနေရင်
ငါမလွန်ပါဘူးနော် ...

သြော်..
ကျေနပ်တာ မကျေနပ်တာ ငါပြောခွင့်မရှိဘူး
သူလင်း နိုင်သလောက် သူလင်းနေတာဘဲ
နေရောင် ကိုကျော်ပြီး
လကို တမ်းတဖို့
ညအထိတော့ စောင့်ရမှာပေါ့

No comments:

Post a Comment