
ငါ့အနောက်က ဂြိုဟ်ကောင်တွေပေါ့
အတင်းကို လိုက်နေတာ
ခြေဖ၀ါးနဲ့တင်ပါး ထိနေအောင်ပြေးလို့
မနားတမ်းဘဲ နောက်လှည့်မကြည့်ရဲဘူး
ငါတို့ အရှေ့ရပ်ကွက်က
လမ်းတွေတောင် အလွတ်ရနေပြီ....
ငါတစ်ယောက်တည်း လည်းမဟုတ်
ဘေးနားကကောင်လည်း
ဒီလိုပါဘဲလား
တစ်ယောက် အဖြစ်တစ်ယောက်
စမြုပ်ပြန်ရင်း
မနက်မိုးလင်းကို စောင့်နေလိုက်ကြတာ
ညအိပ်တာတောင်
အိပ်မက်ထဲထိ ပြေးနေရတုန်းဘဲ..
ဟူးးးးးးးးးးးးး.....
No comments:
Post a Comment