Tuesday, November 3, 2009

ဝဋ်

မာနမဲ့ တော်ခေါက်သံတွေပေါ့
ရင်ခွင် တံခါးကို အတင်းတိုးဝင်ကြ
ဖြူစင်လှတဲ့ ချစ်ခြင်းတရားမှာ
မင်းချယ် သခဲ့တဲ့ အစိမ်းရောင်တွေ အထပ်လိုက်ကြီး ...

ခဏတော့ အသဲကွဲတာပေါ့
ကိုယ့်စူးနစ်မှုနဲ့ ကိုယ်ဆိုတော့
နစ်မြုပ်မသွားအောင် ငါထိန်းရမယ်
ယိမ်းယိုင်လည်း ဘေးတိုင်တော့ ဆွဲရမယ်ပေါ့ .....

ယောက်ျား အသည်းပါကွား
မာယာတုံး အလှည့်အပြုံးကို
တစ်သက်ဆုံး အထိတော့ သယ်မသွားဘူး
နယ်သွားပြီးတော့လည်း ငါမလွမ်းဘူး ...

သစ္စကို ပျက်ရယ်ပြုပြီး
ချစ်တာကို ပျက်ဆီးစေခဲ့တဲ့ဒဏ်
နင့်အလှည့်လည်း မကြာတော့ပါဘူး ....

No comments:

Post a Comment