Thursday, November 5, 2009

လရောင်



လရောင်
လရောင်
ပြတင်းပေါက်ကို ကျော်ပြီး
ငါ့အခန်းထဲ ခိုးဝင်လာတယ်
နယ်နိမိတ် မခြားထားတဲ့
ဆက်ဆံ မှုတွေ
ဘာနဲ့မှ ကန့်သတ်လို့မရဘူး ...

ကြမ္မာကိုက ဖန်တီးထားတာ
ငါ မလိုချင်လည်း မရတော့ဘူးလေ
မင်းကို တမ်းတနေရင်
ငါမလွန်ပါဘူးနော် ...

သြော်..
ကျေနပ်တာ မကျေနပ်တာ ငါပြောခွင့်မရှိဘူး
သူလင်း နိုင်သလောက် သူလင်းနေတာဘဲ
နေရောင် ကိုကျော်ပြီး
လကို တမ်းတဖို့
ညအထိတော့ စောင့်ရမှာပေါ့

Wednesday, November 4, 2009

အပြေးသမား



ငါ့အနောက်က ဂြိုဟ်ကောင်တွေပေါ့
အတင်းကို လိုက်နေတာ
ခြေဖ၀ါးနဲ့တင်ပါး ထိနေအောင်ပြေးလို့
မနားတမ်းဘဲ နောက်လှည့်မကြည့်ရဲဘူး
ငါတို့ အရှေ့ရပ်ကွက်က
လမ်းတွေတောင် အလွတ်ရနေပြီ....

ငါတစ်ယောက်တည်း လည်းမဟုတ်
ဘေးနားကကောင်လည်း
ဒီလိုပါဘဲလား
တစ်ယောက် အဖြစ်တစ်ယောက်
စမြုပ်ပြန်ရင်း
မနက်မိုးလင်းကို စောင့်နေလိုက်ကြတာ
ညအိပ်တာတောင်
အိပ်မက်ထဲထိ ပြေးနေရတုန်းဘဲ..
ဟူးးးးးးးးးးးးး.....

Tuesday, November 3, 2009

ဝဋ်

မာနမဲ့ တော်ခေါက်သံတွေပေါ့
ရင်ခွင် တံခါးကို အတင်းတိုးဝင်ကြ
ဖြူစင်လှတဲ့ ချစ်ခြင်းတရားမှာ
မင်းချယ် သခဲ့တဲ့ အစိမ်းရောင်တွေ အထပ်လိုက်ကြီး ...

ခဏတော့ အသဲကွဲတာပေါ့
ကိုယ့်စူးနစ်မှုနဲ့ ကိုယ်ဆိုတော့
နစ်မြုပ်မသွားအောင် ငါထိန်းရမယ်
ယိမ်းယိုင်လည်း ဘေးတိုင်တော့ ဆွဲရမယ်ပေါ့ .....

ယောက်ျား အသည်းပါကွား
မာယာတုံး အလှည့်အပြုံးကို
တစ်သက်ဆုံး အထိတော့ သယ်မသွားဘူး
နယ်သွားပြီးတော့လည်း ငါမလွမ်းဘူး ...

သစ္စကို ပျက်ရယ်ပြုပြီး
ချစ်တာကို ပျက်ဆီးစေခဲ့တဲ့ဒဏ်
နင့်အလှည့်လည်း မကြာတော့ပါဘူး ....

ဖြစ်စဉ်

ယုံကြည်ရာကိုလျှောက်ရင်း
ဘ၀တွေ ယိုင်လဲရပြီး
သူတို့ရဲ့ စာမျက်နှာအောက်
ငါတို့ နာမည် မဲသွားပြီး ...

အမှားက အမှန်ဖြစ်
အမှန်က အမှားဖြစ်
မှောင်မိုက်မိုက် ဘ၀ထဲ
တစ်နပ်စာ အတွေးလည်း
အဖြေရှာရ ခက်နေဆဲ..

လက်ကျန်ခရီးလမ်းမှာ
အမှန်ကိုလိုက်ရှာရင်း
မျှော်လင့်ချက် တစ်ခုနဲ့ ယုံကြည်မှု့ပေါင်းစပ်မယ်...

မနက်ဖြန်ကိုတွေးပြီး
ဒီနေ့မှာ ပေးဆပ်ကြမယ်
ဒီနေ့မှာ ပေးဆပ်ပြီး
မနက်ဖြန်ကို ဖန်တီးမယ်

သမိုင်းသစ် တစ်ရပ်
မော်ကွန်းသစ် စိုက်ထူ
အလံလွင့်နိုင်ဖို့
ကဲ.. ရွာစားရေး...
လုပ်ပါဦး....