ငါမွေးတုန်းက အင်္ကျီမပါ .
ကိုလုံးတီးနဲ့
လူ့လောကထဲခုန်ချလာခဲ့
ရောက်တဲ့နေရာမှားနေတယ်
ငါးပါးကိုမှောက်ရော ……………….
အသက်ကောင်းကောင်းမရှုရဘူး
ရူးနေပြီး
တွေ့လိုက်ရတာ အစိမ်းရောင်တွေချည်း
အနီရဲရဲက ကတ္တရာပေါ်မှာ
မြေကြီးထဲကို စိမ့်ဝင်နေတယ်………..
လိုချင်နေတာ အသက်ရှုခွင့်
မျက်လုံးတစ်စုံ
နှားနှစ်ဖက်က အမှောင်ထဲမှာ
လက်နှစ်ဖက်က တော့ သံကွင်းထဲမှာ
သော့တန်းလန်းနဲ့ ကြပ်နေတယ်
ဘယ်မှာလဲ ဘယ်မှာလဲ
ငါ့အခွင့်အရေးက
ပုန်းနေတာလား ......................
Subscribe to:
Post Comments (Atom)
No comments:
Post a Comment