Saturday, September 19, 2009

Tuesday, September 8, 2009

စနေမိုး



အလို ..
လှိုက်ခနဲ ရှိုက်ခနဲ
အလင်းမှုန်ပက်ကျဲခံရ
့နှလုံးသား မိုးနှောင်းထွန်ယှက်လို့
ငါ့ယာတောလေးတော့ စနေမိုးနဲ့ စိုပြေပေါ့

Thursday, September 3, 2009

လိုက်ရှာ၍ မရခြင်း

ငါမွေးတုန်းက အင်္ကျီမပါ .
ကိုလုံးတီးနဲ့
လူ့လောကထဲခုန်ချလာခဲ့
ရောက်တဲ့နေရာမှားနေတယ်
ငါးပါးကိုမှောက်ရော ……………….

အသက်ကောင်းကောင်းမရှုရဘူး
ရူးနေပြီး
တွေ့လိုက်ရတာ အစိမ်းရောင်တွေချည်း
အနီရဲရဲက ကတ္တရာပေါ်မှာ
မြေကြီးထဲကို စိမ့်ဝင်နေတယ်………..

လိုချင်နေတာ အသက်ရှုခွင့်
မျက်လုံးတစ်စုံ
နှားနှစ်ဖက်က အမှောင်ထဲမှာ
လက်နှစ်ဖက်က တော့ သံကွင်းထဲမှာ
သော့တန်းလန်းနဲ့ ကြပ်နေတယ်
ဘယ်မှာလဲ ဘယ်မှာလဲ
ငါ့အခွင့်အရေးက
ပုန်းနေတာလား ......................

ပိတောက်ကို လွမ်းဆွတ်ခြင်း



ဒါက ပထမဆုံးပါ

မြေသင်းနံ ကိုလွမ်းဆွတ်

ပိတောက်ပန်း ခပ်ဝါ၀ါက

အာရုံထဲမှာဘဲ

မြင်ခွင့် မရှိဘူး…

မဏ္ဏာပ်က အုန်းဒိုင်းကျဲ

ရီဝေေ၀ ကားပေါ်က

လည်ချောင်း အက်ကွဲ ခဲ့တဲ့ငါ

အခုတော့ အခန်းလေးထဲမှား(