
လွမ်းလိုက်ရတာလေ
ကြယ်တွေစုံမယ့်ညတွေကိုရင်မဆိုင်နိုင်လောက်အောင်ဘဲ
နာနာကျင်ကျင်နဲ့နှလုံးသားကတောင်းဆိုတယ်
(သတိရပါတယ်......)......တဲ့
ပစ်ပယ်လို့လဲမရနိုင်.......
သံယောဇဉ် ဖြတ်ဖို့ဆိုတာအဝေးကြီး
ဒီတော့ ငါ့မှာအဆွေးကြီးဆွေးရပါတယ်
မချိတင်ကဲ ကြိတ်ကြိတ်ပြီး တောက်ခေါက်ရတာရက်ပေါင်းမနည်းတော့ဘူး
လှလည်းမလှနိုင်
ဝလည်းမ၀နိုင်နဲ့
အရည်ဖျော်ပစ်တဲ့ညတွေမှာ သိပ်သေချင်တာဘဲသိတယ်.....
ငါတို့တွေက စိတ်နဲ့ပေါင်းခဲ့ကြတာမဟုတ်တော့
နှလုံးသားတွေတဆက်ဆက်နာရတာပေါ့
အတူတူဖြတ်သန်းခဲ့ကြရတာမျိုးမှာ
ဖျောက်ဖျက်မရတဲ့ ပတ်သက်ယှက်နွယ်မှုက
ငါ့ရင်ကိုအမြဲကိုင်လှုပ်တယ် လေ.....
ဒီတော့ ''သတိရပါတယ် "လိုခဏခဏအော်နေရတာ
ဇေရ၀တီတစ်လုံးလည်း လဲသွားပြီ
ကွဲသွားပြီဆိုတဲ့အသိက
အထပ်ထပ်နှိပ်စက်
အအိပ်ပျက်လည်း ငါ....မင်းတို့ကို
ကန့်လန်ကာနောက်ကွယ်ကသတိတရနဲ့
လက်ခုပ်တီးပေးဖို့ မမေ့ဘူး.....။